Saturday, September 9, 2017

Traffic ရှာနည်း

Blog တော့ စရေးပါပြီ။ငွေရှာနည်း တွေလဲ သိနေပြီ။ ဒါပေမယ့် ဘယ်သူမှလာမဖတ်ကြဘူး။

အဲဒါကအဓိကပြဿနာပဲ။ Blog တစ်ခုကနေ ပိုက်ဆံရှာဖို့ဆိုတာ အဓိကလိုအပ်တာက Traffic ပါ။ Traffic မရှိရင် Monetizing လုံးဝ လုပ်မရပါဘူး။ ဒါဆို Blog ကို Traffic ရအောင် ဘယ်လိုလုပ်မလဲ။

အဓိကအားဖြင့် SEO ရယ် Social Mediaရယ်ကနေ အဓိက မောင်းရပါလိမ့်မယ်။

SEO မှာ ကိုယ့် blog နဲ့ သက်ဆိုင်တဲ့ Keyword တွေအတွက် ပထမဆင့် First Page ဝင်အောင်လုပ်ရမယ်၊ ဒုတိယအဆင့် Top 3 ဝင်အောင်လုပ်ရမယ်၊ တတိယဆင့် 1 ဖြစ်အောင်လုပ်ရပါမယ်။

You May Like : SEO in Myanmar Articles

Social Media မှာ ကိုယ့် blog ကိုဖတ်မယ့်လူတွေ အဓိကသုံးနေတဲ့ Social Media ကိုရွေးပြီး Blog ကို Traffic Drive လုပ်ရပါလိမ့်မယ်။

အဓိကအာရုံစိုက်သင့်တဲ့ Social Media တွေကတော့ Facebook, Twitter, Pinterest, Google Plus နဲ့ Linkedin တို့ပါပဲ။ တခြားဆိုက်ဒ်တွေဖြစ်တဲ့ Delicious, Digg, Stumble Upon တို့ကိုလဲ သုံးလို့ရပါတယ်။

နောက်ထပ်နည်းတွေကတော့ Share button တွေထည့်ခြင်း၊ Newsletter ပို့ခြင်း၊ Guest Writer တွေ ဖိတ်ခေါ်ခြင်း အစရှိတဲ့ နည်းတိုတိုထွာထွာလေးတွေ ကျန်ပါသေးတယ်။

Blog တစ်ခုမရေးခင် အရင်ဆုံး စဉ်းစားသင့်တဲ့ အချက်လေးနည်းနည်း ရှိပါတယ်။

ဥပမာ - သင်က Travel Blog တစ်ခုရေးမယ်ဆိုပါတော့။

အရင်ဆုံးစဉ်းစားရမှာက ဘယ် Keywords တွေက သင့်အတွက် တန်ဖိုးအရှိဆုံးလဲ ဆိုတာပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် Keyword Research လုပ်ရမှာပါ။

တစ်နည်းအားဖြင့်ပြောရရင် သင့်ရဲ့ Blog ကို Google မှာ ရှာတွေ့ဖို့အတွက် ရှာမယ့်သူက ဘယ် Keyword တွေကို သုံးရမလဲဆိုတာ ကြိုသိထားရမှာပါ။

Travel Blog တစ်ခုအတွက်ဆိုရင် အဓိက Keyword တွေက ဘာတွေဖြစ်မလဲ။

  • Travelling
  • Travel Myanmar
  • Go Myanmar
  • Myanmar Travel
  • Trip Myanmar
  • Myanmar Trip

အစရှိတဲ့ Keyword တွေရယ် Location Keyword တွေဖြစ်တဲ့

  • Shwe Dagon Pagoda
  • Bagan Myanmar
  • The Golden Rock Myanmar

အစရှိတဲ့ Keyword တွေ ပါမှာပေါ့။

ဒါ့အပြင် အဲဒီ Keyword တွေရဲ့ မြန်မာလို (Zawgyi + Unicode) Keyword တွေပါ ထည့်စဉ်းစားရမှာပါ။

Keyword Research လုပ်ဖို့ အကောင်းဆုံး Tool ကတော့ Google Keyword Planner ပါပဲ။

  • ပထမဆုံး Google မှာ Google Keyword  Planner လို့ရှာလိုက်ပါ။
  • ပထမဆုံးပေါ်လာတဲ့ 1st Result ဖြစ်ဖို့များပါတယ်။ ဝင်လိုက်ပါ။
  • Google Account နဲ့ Signin ဝင်ပြီး Adwords Account ဖွင့်ရပါလိမ့်မယ်။
  • ပြီးရင်တော့ Keyword  Planner ကို စသုံးလို့ရပါပြီ။


What are the alternatives? အခြား tool တွေရှိပါသေးတယ်။


ဒီ Tool တွေလဲ သုံးလို့ရပါသေးတယ်။

Keyword တွေရပြီဆိုရင် ဘာတွေလုပ်လို့ရပြီလဲ?

  1. Domain ဝယ်လို့ရပါပြီ။ Domain ကို Keyword နဲ့ တိုက်ဝယ်ချင်သူတွေအတွက် စဉ်းစားလို့ ရပါပြီ။
  2. ဘယ် Keyword တွေကို အာရုံစိုက်ရမလဲ သိပါပြီ။ ဘယ် Keyword က ကိုယ့်အတွက်တန်ဖိုးရှိလဲ ထွက်လာပါပြီ။
  3. ကိုယ်ရေးတဲ့ Content ထဲမှာ ထည့်ရေးရမယ့် Keyword တွေကို ကြိုစဉ်းစားထားလို့ရပါပြီ။


Keyword Research လုပ်ခြင်းဟာ Blog အတွက်သာမဟုတ်ပါဘူး။ Social Media Profile တွေ၊ Twitter Account တွေအတွက်လဲပဲ အသုံးဝင်ပါတယ်။ Facebook Page တစ်ခုဖွင့်ရင်လဲ Keyword Research လုပ်ပြီးမှ ဖွင့်သင့်ပါတယ်။

6 comments: