Friday, September 8, 2017

အင်​တာနက်​​ပေါ်မှာ ပိုက်​ဆံရှာ​တော့မယ်​ဆိုရင်

Online ပေါ်မှာငွေရှာတော့မယ်ဆိုရင် !!!
Online ပေါ်မှာငွေစတင်ပြီးရှာတော့မယ်ဆိုရင် လေ့လာရမယ့်အရာတွေ အများကြီးရှိပါတယ် ..ငွေရှာနည်းတွေဟာဆိုရင်လည်း Gambling , Investment ( HYIP ) , Forex Trading , Paid to Click (PTC) , Binary , Freelance စသဖြင့် အမျိုးအစားအများကြီးရှိပါတယ် .. အဲသည်မှာ တော်တော်များများ ( ငွေအနည်းစုတတ်နိုင်သူ ) က Investment ကိုရွေးချယ်ကြပါတယ်။ ဘယ်လောက်ထည့်ရင် တစ်လနေဘယ်လောက်ပြန်ရမယ်ဆိုတဲ့ ပုံစံမျိုးရှိတဲ့ Site တွေမှာသွားထည့်တတ်ကြတယ် .. အခုအထူးသတိပေးချင်တာက Internet ပေါ်က Investment ရဲ့ 95 % ဟာ SCAM ( အတုအယောင် အလိမ်အညာ ) Website တွေပဲဆိုတာ သတိထားစေချင်ပါတယ် .. ခဏတာပဲအမြတ်ပေးမယ် .. မက်လုံးကြီးတွေပေးမယ် အတိုးကြီးတွေပေးမယ် ပြီးရင်လစ်ပြေးမယ်ပေါ့ဗျာ ... အဲသည်တော့ ခုမှ Online စလုပ်တဲ့သူတွေအနေနဲ့ Online ပေါ်မှာ အလိမ်ခံရတဲ့အခါ '' Online ပေါ်က ငွေရှာတယ်ဆိုတာ လေထဲတိုက်အိမ်ဆောက်တာနဲ့အတူတူဘဲ အလိမ်အညာကြီးပါကွာ '' ဆိုတဲ့စကားသံတွေထွက်လာကုန်တာဘဲဗျ ... :D လုံးဝ မှားယွင်းတဲ့ယူဆချက်ဖြစ်သလို ပညာမစုံသေးတဲ့အတွေ့အကြုံတစ်ခုပေါ့ဗျာ ... နောက်တစ်ခုက Profile အမှန်မတင်ထားဘဲနဲ့ လာဆွယ်ရင်သတိထားဗျ ..( ကျွန်တော့်ဆီလည်း နေ့တိုင်း 3 ယောက်ထက်မနည်းလာတယ် )  အဲဒါ ခင်ဗျာ;ဆီက Referral ကော်မရှင်လိုချင်လို့ ဂျင်းးလာထည့်တာ .. ဖြတ်လမ်းလိုက်ပီး ခွက်ဆွဲမြန်တဲ့ Investment အတုအယောင်အတွေပေါ့ဗျာ ... Gambling တွေလည်းအားမပေးသလို Binary လို့ခေါ်တဲ့ Up or Down ကစားရတဲ့နည်းတွေကိုလည်းအားမပေးပါဘူး  :( Online ပေါ်ကနေ သိန်းဆယ်ချီ ရာချီဝင်မယ့်တစ်ကယ့်ငွေရှာနည်းအစစ်ဆိုတာ ...
- ပစ္စည်းမှန်မှန်ကန်ကန်ရောင်းချနေတဲ့ Online Shop တွေ ( အရင်းအနှီးနည်းနည်းနဲ့လုပ်ကိုင်နိုင်တယ် .. သူများနဲ့မတူတဲ့ ပစ္စည်းဆန်းဆန်းပြားပြားလေးတွေကို ဈေးချိုချိုနဲ့ရောင်းနိုင်ရင် ပိုအောင်မြင်တယ်   )
- Online ပေါ်ကနေ နည်းပညာ ၊ အတတ်ပညာပေါင်းစုံသင်ပေးတဲ့ ပညာရပ်တွေ ( ဖုန်းပညာ .. ကွန်ပျူတာ .. ဆေးပညာ .. အင်ဂျင်နီယာပညာ စသဖြင့် )
- Media / Blogger တစ်ဦးအဖြစ် Blog ရေးတာတွေ( ဥပမာ Beauty Blogger , Mobile Blogger , Tech Blogger ,etc .. )
- မိမိတတ်တဲ့ပညာနဲ့ Freelancer.com မှာ အလုပ်ဝင်လုပ်တာတွေ
( Photoshop , Graphic Design , Programming etc .. )
- မိမိတတ်သည့် အဆင့်မြင့်ပညာရပ်တစ်ခုကို EBOOK ရေးပီး Online မှာရောင်းချတာမျိုး
- Currency Exchange ငွေကြေးအရောင်းအ၀ယ်လုပ်တာမျိုး ..
- နောက်ဆုံးတစ်ခုက Forex Trading လို့ခေါ်တဲ့ အလွန့်အလွန်ပညာသားပါလှတဲ့ Self Trading လုပ်ခြင်းတွေ ကသာ Online ငွေရှာနည်းအစစ်တွေသာဖြစ်ပါတယ် ...
ဒါတွေအားလုံးကိုအသုံးချပြီး Online ပေါ်ကနေ ငွေအလွယ်တစ်ကူရှာလို့ရနေပါပြီ ..
အထက်က ဖော်ပြတဲ့ငွေရှာနည်းတွေဟာ အချိန်ယူလေ့လာရပါတယ် .. Social တစ်ခုတောင့်အောင်တည်ဆောက်ရပါတယ် .. ငွေကြေးရင်းနှီးသင့်သလောက်ရင်းနှီးရပါတယ် .. သရက်ပင်စိုက်သလိုပါပဲ အချိန်တန်လို့အသီးသီးတဲ့အခါ ခေတ်ကာလအခြေအနေဘယ်လိုပဲဖြစ်ပါစေ Online ပေါ်ကငွေတွေကတော့ ၀င်လာမစဲတစ်သဲသဲပါပဲဗျာ ..
Credits

No comments:

Post a Comment