Friday, September 8, 2017

SEO အ​ကြောင်း

မင်္ဂလာပါ၊
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ seo အကြောင်းကို သင်ပေးမှာ ဖြစ်ပါတယ်၊ seo ဆိုတာ ဘာလဲ ဆိုတဲ့ အခြေခံ သဘောတရားကို နားလည်ဖို့အတွက် အရင်ဆုံး အောက်ပါလင့်ခ်တွေမှာ သွားဖတ်ပေးပါ၊ မြန်မာလိုလည်း ဖတ်နိုင်ပါတယ်။


What is seo ?
Myanmar SEO Service

အဲဒီလင့်ခ်တွေမှာ ဖတ်ပြီးပြီဆိုရင်တော့ seo ဆိုတာ ဘာလဲဆိုတာတော့ နားလည်လောက်ပါပြီ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောခင် အခြေခံ နည်းနည်းပိုင်သွားအောင် ရှင်းပြချင်ပါတယ်။

SEO ဆိုတာ နည်းပညာတွေ၊ ဖြတ်ထိုးဥာဏ်တွေ နဲ့ အချိန် စတာတွေကို အသုံးပြုပြီးတော့ search engine (google, bing, yahoo, ...) တွေမှာ ကိုယ့်ရဲ့ website ranking (အမှတ်စဉ်) ကောင်းအောင် ပြုလုပ်တာ SEO ပါပဲ၊ အဲဒီလို လုပ်ခြင်းအားဖြင့် ဘာတွေရနိုင်မလဲဆိုတော့ -

- အဓိက ရနိုင်တာကတော့ ကိုယ့် website ကို လူဝင်များစေတာပါပဲ

အဲဒီ ပထမအချက်ပေါ်မူတည်ပြီး ရနိုင်တာတွေကတော့ အများကြီးပေါ့၊ နည်းနည်းပြောကြည့်မယ် -

- ခင်ဗျား website များ ကြော်ငြာထည့်ထားတဲ့အတွက် လူဝင်များရင် အဲဒီ ကြော်ငြာကို click လုပ်နိုင်ချေ ပိုများမယ်၊ ကြော်ငြာဆိုတာက click နှိပ်တဲ့ဦးရေပေါ် မူတည်ပြီး ပိုက်ဆံရတာလည်း ရှိတာကိုး၊ အဲဒီတော့ ခင်ဗျား ပိုက်ဆံများများ ရနိုင်မယ်၊
- ခင်ဗျားက ကုန်ပစ္စည်းရောင်းတဲ့ website တင်ထားရင် လူများများဝင်တဲ့အတွက် ခင်ဗျား products တွေ အရောင်းသွက်နိုင်တယ်
- နောက်တစ်ချက်ကတော့ အဲဒီ ပထမအချက်နဲ့ အပြန်အလှန် ချိတ်ဆက်နေလို့ ကျွန်တော် သဘောကျတဲ့အချက်ပေါ့၊ အဲဒါကတော့ ပထမအချက်မှာပြောခဲ့တာက ranking ကောင်းရင် လူများများဝင်မယ် လို့ပြောခဲ့တယ်၊ အခုတစ်ခါ လူများများဝင်ရင်လည်း google က ranking ကောင်းအောင် လုပ်ပေးပါမယ်တဲ့ :) (ဒီတစ်ချက်ကတော့ seo ရဲ့ အဓိက အချက်လို့တောင် ပြောလို့ရပါတယ်၊ ဒီတစ်ချက်ကို ဗျူဟာပေါင်းစုံ၊ ဖြတ်ထိုးဥာဏ် ပေါင်းစုံ သုံးပြီးတော့သာ လုပ်ပေတော့)
- အပေါ်က အချက်တွေအပြင် အခြားသော ကောင်းကျိုးတွေကိုလည်း SEO က ယူလာပေးနိုင်ပါတယ်။

အောက်က ပုံလေးကို တစ်ချက် သေချာကြည့်ပါ။ (ကျယ်ကျယ် ကြည့်နိုင်ဖို့ ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်ပါ)



ဒီအပေါ်က ပုံမှာ Google ကို အသုံးပြီး "web design" ဆိုတဲ့ keyword ကို အသုံးပြုပြီး ရှာထားပါတယ်။ ဒီပုံမှာ နံပါတ်စဉ်လေးတွေလည်းတပ်ထားပေးပါတယ်။ အမှတ်စဉ် ၁ နဲ့ ၂ က Google ကို ပိုက်ဆံပေးပြီးတော့ ထည့်ထားတဲ့ ကြော်ငြာတွေပါ၊ အမှတ်စဉ် ၁ နဲ့ ၂ နေရာမှာ ခင်ဗျားရဲ့ website ကို ပေါ်စေချင်တယ်ဆိုရင်တော့ ဘာနည်းပညာမှ ခင်ဗျားသုံးဖို့ မလိုပါဘူး သုံးပြီး လုပ်လို့လည်း မရပါဘူး၊ ဒါပေမယ့် Google ကိုတော့ ပိုက်ဆံပေးရလိမ့်မယ်၊ အဲဒီနေရာတွေမှာ ပေါ်အောင်လုပ်တာကို SEO လုပ်တယ်လို့ မခေါ်ပါဘူး၊ ကြော်ငြာထည့်တယ်လို့ခေါ်ပါတယ်၊ အဲဒီအတွက်ကြောင့် နံပါတ် ၁ နဲ့ ၂ ကို Ad search result လို့ ခေါ်ပါတယ်။
နံပါတ် ၃ ကတော့ ကျွန်တော်တို့ နည်းပညာ နဲ့ နည်းဗျူဟာတွေ သုံးပြီး ပေါ်အောင် လုပ်ရတဲ့ အပိုင်းပါပဲ၊ အဲဒါကို organic search result လို့ ခေါ်ပါတယ်။ ဒီ result မှာ နေရာကောင်းကောင်းမှာရောက်အောင် ခင်ဗျားအစွမ်းကုန် ကြိုးစားပေတော့။ ကြိုးစားဖို့ နည်းလမ်းတွေကိုတော့ ဆက်ပါဦးမယ် :)

No comments:

Post a Comment