Thursday, September 7, 2017

Bitcoin Wallet တစ်​ခုဖန်​တီးနည်း

အားလုံးမင်္ဂလာပါဗျာ ဒီနေ့ Online မှာ Bitcoin  ရှာနေကြတဲ့မိတ်ဆွေတို့အတွက် မိမိတို့မှာရရှိလာတဲ့Bitcoin တွေကိုထုတ်ယူဖို့ သိုလှောင်ဖို့အရမ်းကောင်းတဲ့ Bitcoin Wallet တွေထဲမှာလူသုံးအများဆုံး ဖြစ်တဲ့ coinbase wallet ဖွင့်နည်း အသုံးပြုနည်း ကို အသေးစိတ်မဟုတ်ပေမယ့် အကြမ်းဖျင်း သိမ်းကြုံးပြီး ရေးပေးသွားမှာပါ ။ မသိသေးတဲ့ Beginner တွေသေသေချာချာ သိအောင်ရည်ရွယ်ပြီး ရေးတာပါ ။ သိထားပြီးသားလူတွေ ကျော်သွားလိုက်ပါ ။  မသိသေးတဲ့မိတ်ဆွေတို့ အရင်ဆုံး ဒီကနေဝင်သွားပါ ။ အောက်ကပုံလိုမြင်တွေ့ရပါလိမ့်မယ်။




အပေါ်ကပုံမှာလို လိုအပ်တာလေးတွေကိုဖြည့်ပေးလိုက်ပါ။
ပြီးရင်အောက်ပုံကိုကြည့်ပါ။


Verify လုပ်ပြီးပြီဆိုတာနဲ့ Coinbase bitcoin wallet ထဲတန်းဝင်သွားပါလိမ့်မယ် ။ ပေါ်လာတဲ့ပုံထဲက ဘယ်ဘက်တစ်ခြမ်းကိုဖြတ်ပြထားပါတယ် ။ Menu ကိုအောက်ကပုံထဲမှာတစ်ချက်ကြည့်ပါ ။

ပြီးရင်အောက်ပုံကိုကြည့်ပါ။
အပေါ်ကပုံမှာမြှားပြထားတဲ့ Tools ကိုနှိပ်လိုက်ပါ။
ပြီးရင်အောက်ပုံကိုကြည့်ပါ။
အပေါ်ကပုံမှာမြှားပြထားတဲ့ BTC bitcoin wallet address ကို Copy ယူပြီးသိမ်းထားပါ။
မိမိတို့ရှာနေတဲ့ BTC Site တွေမှာရရှိလာတဲ့ Bitcoin တွေကိုထုတ်ယူတဲ့အခါအသုံးပြုရမှာဖြစ်ပါတယ်။
Bitcoin လက်ခံတာသိသွားပြီ ဆိုရင် ၊ မိမိမှာရှိတဲ့ bitcoin တွေကိုသူများဆီကို လွှဲပြောင်းနည်း ထပ်ပြပေးပါ့မယ် ။ အောက်ကပုံတွေကို ဆက်ကြည့်ပေးပါ ။
နောက်ဆုံးထပ်ပြပေးချင်တာကတော့ ကိုယ့် wallet ရဲ့ security ပိုကောင်းအောင် ဖုန်းနံပါတ်နဲ့ ၂ ဆင့်ခံနည်းပါပဲ ။ အဲဒိအတွက် Setting >> security အဆင့်ဆင့်သွားပြီး ပုံထဲကအတိုင်းဆက်လုပ်သွားပါ ။
Bitcoin ဈေးနှုန်းဖေါ်ပြတာကို မြန်မာကျပ်ကနေ USD ဖြစ်ဖြစ် ၊ တစ်ခြားနိုင်ငံသုံး ငွေကြေးပဲ ဖြစ်ဖြစ် ပြောင်းချင်ရင် Setting ကိုဝင်ပါ ၊ ပြီးရင် Preferences ထဲမှာ ၀င်ပြင်ပါ ။

ဒီလောက်ဆိုရင် Coinbase Bitcoin wallet အကောင့်ဖွင့်နည်းနဲ့ Security 2 step ခံနည်း ၊ အသုံးပြုနည်း တွေကိုအတော်အသင့် နားလည်လောက်မယ်လို့ထင်ပါတယ် ။ 

BTC CLICKS မှာဝင်ငွေရှာနည်းကို ဒီမှာလေ့လာလိုက်ပါ။


BTC CLICKS က bitcoin ကိုထုတ်ယူမတတ်ရင် Comment မှာပြောခဲကြပါ။ BTC CLICKS က bitcoin ထုတ်ယူနည်းကိုတင်ပေးပါမည်။

အားလုံးအဆင်ပြေကြပါစေဗျာ။

No comments:

Post a Comment